ချစ်တရ်ဆိုတဲ့စကားထက်
ပိုပြီးပြည့်စုံတဲ့ ဝေါဟာရ
စကားလုံးရှိခဲ့ရင် ငါသုံးတတ်ချင်တရ် ချစ်သူ..
မင်းကို ပြောဖို့ပေါ့
မင်းထက်လှတာတွေတောင်
ငါ့အတွက် မင်းလောက်မလှခဲ့ဘူး
မင်းပေါ်ထားတဲ့သံယောဇဉ်
တစ်ခါတစ်လေမှာ
ငါ့ကိုငါတောင်မနာလိုမိတရ်...
ဒီလိုဖြစ်နေတာကိုပဲ ကျေနပ်နေတာပါ
ဘာဖြစ်လို့လဲဆိုတော့
ငါ့ကိုငါထက်
မင်းကို မြတ်နိုးနေလို့ပေါ့ ချစ်သူ..
သတိုးဟန်
No comments:
Post a Comment