မင်းအမြင်မှာ ငါဟာ
မာနရိပ်စွန်းထင်းနေတဲ့
ဟန်ဆောင်ကောင်းသူတစ်ယောက်ပေါ့
တကယ်တော့ ငါဟာ
အဲဒီမာနကို ခက်ခက်ခဲခဲလွှမ်းခြုံခဲ့ရတာပါချစ်သူ...
မင်းအမြင်မှာ ငါဟာ
မချစ်တတ်တဲ့ သူရူးတစ်ယောက်ပေါ့
တကယ်တော့ ငါဟာ
မင်းကို ချစ်လွန်းလို့
နှလုံးသားတွေတောင်ကြွေမွနေတရ် ချစ်သူ....
မင်းအမြင်မှာ ငါဟာ
လှည့်ဖျားမှု့ မာယာတွေနဲ့ပေါ့
တကယ်တော့ ငါဟာ
မင်းကိုချစ်လျှက်နဲ့
ဟန်ဆောင်အမုန်းတွေနဲ့ စွန့်လွတ်ခဲ့ရတာပါ ချစ်သူ............
No comments:
Post a Comment