သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, October 11, 2012

အမြင်မှန်အောင်ကြည့်ပါတော့

စွယ်တော်ရွက် အသည်းနဲ့
ပုံတူပွားနှစ်လုံးသားတွေ
အချစ် အချစ်လို့ အော်မည်ပြီး
လေလှိုင်းရိုက်တိုက်စားသွားတာ
ကမ်းပါးပျိုတွေတောင်
ရေမြင်တိုင်းနိုးကြားခဲ့ပေါ့..၊
အို . .ချစ်သူ
တိမ်တွေညိုတိုင်းသာ
ကောင်းကင်ကြီးငိုရရင်လေ
လေပြေထဲက အကြင်နာ
ဘယ်သူရှာတွေ့ပါ့မလဲ..၊
ကမ္ဘာဦးအစကတည်းက
ထားရှိခဲ့တဲ့ရုပ်ကြွင်း
ပစ္စုပ္ပန်ရဲ့ ဖြစ်တည်ခြင်းမှာ
ငါ့နှလုံးသားတွေ မှန်ကန်ခဲ့ပါတရ်
မကောက်ကွေ့တဲ့ မြစ်တစ်စင်းလို
အဖြောင့်တန်းဆုံးစီးဆင်းခဲ့တရ်..၊
ယုံကြည်ပေးပါချစ်သူ
သံသယတွေ ဘေးဖယ်ပြီး
အနယ်ထိုင်မေတ္တာတွေနဲ့
ဆုံးစမဲ့ ဒီခရီး
ရှေ့တိုးပြီးဆက်နိုင်ဖို့
အမှန်တွေမြင်ရအောင်
အမြင်မှန်အောင်ကြည့်ပါတော့ ချစ်သူ...။

No comments:

Post a Comment