သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, October 11, 2012

အိပ်မက်လှလှလေး

အနံ့သင်းပေမဲ့
ဂုဏ်သတင်းမကြိုင်
အရောင်ဖွေးသော်လည်း
ပန်းတော်ဝင် စံပယ်သွေးလို
တကယ့်ကိုသတိရနေတာပါ
သဘာဝတရားရဲ့ မောင်းနှင်ခြင်းက
ချစ်ခြင်းဖြစ်တရ်
ဖွင့်ဟပြောဆိုချင်ပါရဲ့
မောင်းနှင်းမှု့ဟာ လိုအပ်မှု့ ဖြစ်တရ်
ခြေလှမ်းတစ်လှမ်းဟာ
ခရီးကိုပိုနီးစေပါတရ်
ရွက်လွှင့်ထားတရ်  ဒါပေမဲ့
လေပြင်းမတိုက်ဘူး
တက်ကို အစွမ်းကုန်လျှော်တရ်
ရေစီးက မသန်ဘူး
ဒီလို အဖြစ်ကိုကြည့်ပြီး
တစ်ချို့လူတွေက ရွက်ကိုဖြုတ်  တက်ကိုချကြတရ်
အဲဒီထဲမှာ ငါမပါဘူး
ခြေလှမ်းပေါင်းများစွာကိုရေတွက်လိုက်ရင်
အနာဂတ်မှာရှိတဲ့ 
အိပ်မက်လှလှလေးတွေကို မြင်ရမှာပါ ချစ်သူ...။

No comments:

Post a Comment