သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, October 25, 2012

မျက်ရည်မြစ်ရဲ့ ငိုရှိုက်သံ

မကြင်နာ  အမုန်းတရားတွေနဲ့
အကြင်နာ ကမ်းလက်တစ်စုံကို
အကွက်ကျတဲ့ အစီအမံတွေနဲ့
တမင်တကာ စိမ်းကားထားခဲ့သူ....
 
ဝေးရမှာကိုကြောက်တတ်သူမှ
မာယာစုတ်ချက်တွေနဲ့ ခြယ်ကာသ
 မင်းစွန့်ပစ်သွားတဲ့ ဟောဒီပန်းချီကားမှာ
ဒဏ်ရာတွေ ပလပွနဲ့
ခုတော့
ငါ့အိပ်မက်အနာဂတ်မှာ
ဝေဒနာမိုးတိမ်တွေကပြို
မျက်ရည်မြစ်တွေလည်း ငိုနေကြပြီ ချစ်သူရရ်..။

No comments:

Post a Comment