သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, October 11, 2012

ကြယ်စင်အလင်း

အရောင်တွေဆိုးမထား
အဖြူကြည်လွှာပါးပါးနဲ့
ကွန်ယက်ထားတဲ့ကောင်းကင်
နေပူရင် အရိပ်ထိုးမရ်
မိုးရွာတဲ့ အခါထီးမိုးပေး
နှင်းဖွေးဖွေး ကျပြန်တော့
အနွေးထည်လှလှ တစ်စုံပေါ့နော်..၊
မာယာတွေ မခုံမင်ခဲ့
ကောက်ကွေ့ခြင်းကင်းစင်လို့
အဖြောင့်စင်းဆုံး မြစ်ယံကြောမှာ
ပန်းမွေ့ယာနဲ့  အတူစီးမျော
၅၂၈ သင်္ချာသဘောအရ
သုခကို မမျှချင်နေ
ဒုက္ခတွေ ဝေယူခွဲခြမ်းစားဖို့
ကိုယ်ကိုတိုင် ရဲရဲရင့်ရင့် လက်ကမ်းခဲ့တာပါ
တကယ်ပါ
ယုံနိုင်ပါ့မလား
ပုံပြင်တွေ မသုံးစွဲတတ်
ဇာတ်အဖုန်ဖုန် ပုံစံ အမျိုးမျိုးနဲ့
ယုံတမ်းစကားတွေ ခွဲတမ်းမချ
အသုံးကျကျ မကျကျ
တိမ်လွှာမခတဲ့ကြယ်စင်ငယ်မှာ
အေးမြခြင်းရရ်သာဆေးခြယ်ခဲ့
သံသယတွေ သယ်မလာပါနဲ့လား
အရောဝင်ခြင်း အမျိုးမျိုးထဲက
သည်ကြယ်ရဲ့ အရောဝင်ခြင်းဟာ
.....ကို အလင်းရောင်ပေးဖို့သက်သက်ပါ..။

1 comment: