သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, September 18, 2012

ဓမ္မစာစုများ မျှဝေခံစားသည်

ဗြမ္မာစိုရ်တရားရှိတဲ့သူရဲ့ ပြောလိုက်တဲ့စကားတိုင်းဟာတန်ဘိုးကြီးမားသလို
လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာလည်း အများသူငှါအတွက် ငြိမ်းချမ်းရေးကိုဦးတည်နေတယ်။
ဗြမ္မာစိုရ်တရားမရှိတဲ့သူရဲ့ ပြောလိုက်တဲ့စကားတိုင်းဟာ တန်ဘိုးမရှိသလို
လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာလည်း အများသူငှါအတွက် အတိဒုက္ခဆင်းရဲတွင်းနက်ဖို့ ပဲဖြစ်တယ်။

အတွင်းစိတ်သဏ္ဍန်ဖြူစင်ဖြောင့်မတ်ပြီး ရိုးသားမူ့ ရှိတဲ့သူရဲ့ပြောဆိုဆက်ဆံတဲ့စကားတွေဟာ
မှန်ကန်လေးနက်ပြီးအဓိပ္ပါယ်ပြည့်ဝနေတယ်။
အတွင်းစိတ်သဏ္ဍန်ဖြူစင်ဖြောင့်မတ်မူ့ နဲ့ ရိုးသားမူ့ မရှိတဲ့သူရဲ့ပြောဆိုဆက်ဆံတဲ့စကားတွေဟာ
ဟန်ဆောင်လိမ်ညာမူ့ တွေနဲ့ အနှစ်သာရမရှိ အဓိပ္ပါယ်မဲ့နေတယ်။

သူတော်ကောင်းဆိုတာအမှန်တရားကိုမြတ်နိုးတယ်။
သူတပါးအသက်ကို ကိုယ့်အသက်နဲ့ လဲပြီးကာကွယ်စောင့်ရှောက်တတ်တယ်။
သေရမှာလည်းမကြောက်ဘူး။
သူယုတ်မာဆိုတာအမှန်တရားကိုမုန်းတီးတယ်။
သူတပါးအသက်ကိုသတ်ဖို့ ဝန်မလေးဘူး။
သူ့ အသက်ကိုကျတော့သေရမှာအင်မတန်မှကြောက်တယ်။

မသူတော်ဆိုတာသူတပါးကိုဒုက္ခပေးဖို့ အမြဲတမ်းကြံစည်အားထုတ်နေတတ်တယ်။
ဒါပေမယ့် သူ့ အကုသိုလ်က သူ့ အနောက်မှာအရိပ်လိုလိုက်ပြီး
သူ့ ကိုပြန်လည်ဒုက္ခပေးမယ်ဆိုတာ သူမေ့နေတယ်။

ခိုးတတ်တဲ့သူ၊ လိမ်လည်တတ်တဲ့သူ၊ သစ္စာမရှိတဲ့သူတွေဟာ 
သူတပါးကိုလည်း တူညီသောသူတို့ ရဲ့စိတ်နဲ့ ပဲတိုင်းထွာကြည့်ရူ့ နေတတ်တယ်။ 

မုသာဝါဒဆိုတာ ဟီရိသြတပ တရားရှိသူအတွက် ရှက်ခြင်းကြောက်ခြင်း
ရှက်စရာကြောက်စရာလို့ နားလည်ယုံကြည်တတ်ပေမယ့်...
မုသာဝါဒဆိုတာ ဟီရိသြတပ တရားမရှိသူအတွက် ရှက်စရာကြောက်စရာလို့ 
နားမလည် မယုံကြည်တဲ့အပြင် လိမ်လည်လှည့်စားခြင်းဟာ သူတို့ အတွက်
ပျားသကာလို နှုတ်ဖျားမှာအရသာရှိနေတတ်တယ်။

မိုးခါးရေ သောက်တဲ့သူတွေရဲ့ ဘ၀ကအမြဲတမ်းခါးနေပေမယ့်...
မိုးခါးရေ မသောက်တဲ့သူတွေရဲ့ဘ၀ကတော့ အမြဲတမ်းချိုနေတာပါပဲ။

လောကမှာလူဖြစ်ရဖို့ အင်မတန်မှခဲယဉ်းသလို...လူဖြစ်ပြီးတော့ လူပီသတဲ့လူကိုတွေ့ ရဖို့ ဟာလည်းအခက်ခဲဆုံးအရာတခုပါပဲ...။
 လွဲမှားတဲ့အယူဝါဒတွေနဲ့  မေတ္တာတရားခေါင်းပါးတဲ့အရပ်ဒေသဟာငရဲပါပဲ...။
***

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ..

No comments:

Post a Comment