သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 30, 2012

ဘ၀ရထား

စည်းချက်ညီတဲ့သံလမ်းပေါ်က
ဘ၀ရထားကြီးတစ်စင်း
နေ့ညဆိုတဲ့ဘူတာတွေကိုကျော်ဖြတ်
ဟန်ချက်ညီညီနဲ့
ဘ၀သစ်ဆီဦးတည်လို့ပေါ့
လူတွေထဲမှာ မင်းနဲ့ငါ
လောကရဲ့မာယာ ကောက်ကြောင်း
တစေ့တစောင်း
ဟိုအကြောင်းသည်အကြောင်း
စုံလို့ပါပဲ
ရောက်တတ်ရာရာပြောတတ်တဲ့အကျင့်က
သဲထဲရေသွန်သလို
ခြေရာလည်းထင်ကျန်မနေခဲ့ပါ
မိုးလင်းမိုးချုပ်
အပတ်တကုတ်ကြိုးစားခဲ့တဲ့
သူ့သမိုင်း သူ့ဇာတ်ရှုပ်
သူ့ဇာတ်ထုတ်ကိုလေ့လာ
ပေါက်တတ်ကရဆိုတတ်တဲ့ဂျောက်ဂျက်က
ငါ့ကို သမိုင်းရေးဆရာလားတဲ့
အမြင်မရှင်းတဲ့မျက်ဝန်းတစ်စုံ
အခန်းပျက်တဲ့ ဦးနှောက်တစ်ခု
မပီပြင်ဝိုးတ၀ါးနဲ့ကြည့်မှန်တစ်ချပ်
ခရီးဆက်နေကြတဲ့ မင်းနဲ့ငါ့ကို
နာရီလက်တံတွေက သတိပေးနေပြီ
ငါတို့ အားလုံး ဘူတာဆိုက်ကပ်
လက်တွဲဖြုတ်ချိန်နီးပြီတဲ့လေ..။

No comments:

Post a Comment