သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, September 18, 2012

ဒဿနစကားစုများ တခြားဆိုဒ်မှ မျှဝေခံစားသည်...

အတော်ဆုံးလူ*
အခွှင့်အရေးနဲ့ အခွှင့်အလမ်းကို ဘယ်လိုယူရမယ်ဆိုတာကိုသိရင်------လူတော်
အဲဒါထက် အဲဒီအခွှင့်အရေးနဲ့ အခွှင့်အလမ်းကို
ဘယ်အချိန်မှာစွန့် လွှတ်ရမယ်လို့ သိရင်တော့ ပိုတော်တဲ့သူပဲပေါ့။

If you know how does you take the chance, you are the wise man.
Than that of it, you are virtuous if you know when you have to give up the chance.

*~~~~~~~~~~~~~~~~~~*

*လိုအပ်ချက်*
လူတိုင်းမှာအမြဲတမ်း လိုအပ်နေတာ ၂-ခုရှိပါတယ်။
အဲဒါက "သတိ" နဲ့ "သတ္တိ" ပါပဲ။

Everybody needs two things.
These are "caution" and "courage"

*~~~~~~~~~~~~~~~~~~*

*အမြင်*
အဆိုးမြင်ဝါဒက ကံကြမ္မာဆိုးတွေကိုခေါ်လာတတ်ပြီး
အကောင်းမြင်ဝါဒကတော့ ကံကောင်းမူ့ တွေကိုလက်ဆောင်ပါးတတ်ပါတယ်။

 The bad mind can take the bad luck.
Good mind can present the good luck.

*~~~~~~~~~~~~~~~~~~*

*လူကြီးလူကောင်း*
ကိုယ်ပျော်ရွှင်လာပြီဆိုရင် ကိုယ့်ပျော်ရွှင်မူ့ တွေကို
မျှဝေပေးတာဟာ လူကြီးလူကောင်းစိတ်ဓါတ်ပါပဲ။

When you fee happy, you give your happiness to others.
It is the best heart of the gentleman.

*~~~~~~~~~~~~~~~~~~*

*ဆန်ကြစို့ *
ငှက်တွေတောင်မှ လေကိုဆန်ပြီး ပျံသေးတာ
ငါးတွေတောင်မှ ရေကိုဆန်ပြီးကူးသေးတာ
ဒို့ တတွေလည်း လောကဓံမှန်သမျှဆန်တက်ကြပါစို့ ။

  The birds fly against the wind:
The fish swims against water;
Let's go up against them,
That of good and bad of ours.

*~~~~~~~~~~~~~~~~~~*

 *သမိုင်း*
ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတိုင်း အားလုံးမမှန်နိုင်ပါဘူး၊
နှောင်းလူတွေ မှတ်တမ်းတင်မှသာ မှန်နိုင်တာပါ။

You write your own history, but all could not be right.
It will be right when the newcomers accept and noted.

*~~~~~~~~~~~~~~~~~~*

*ခွှင့်လွှတ်*
အရာအားလုံးကို များများသိခြင်းဟာ
များများခွှင့်လွှတ်နိုင်ခြင်းရဲ့အကြောင်းပါပဲ။

Wide knowledge is the
basic cause of forgiveness.

*~~~~~~~~~~~~~~~~~~*

*တန်ဘိုးဖြတ်စရာ*
သူ့ ပတ်ဝန်းကျင်ကိုသူဘယ်လောက်အကျိုးပြုသလဲဆိုတာနဲ့ 
လူ့ တန်ဘိုးကိုဖြတ်ရတယ်။

 The value of the person is studied by looking for his work 
for the common good of his environment.

*~~~~~~~~~~~~~~~~~~*
*မရှင်းမလင်း*
အမှတ်မထားတဲ့သူနဲ့ မပြတ်သားတဲ့သူဟာ
နောင်အခါမှာ မရှင်းမလင်းဖြစ်တတ်တယ်။

He who is not recognizable,
he who is not exact, may be faced with difficulties in the future.

*~~~~~~~~~~~~~~~~~~*

 *တကိုယ်တော်*
သတ္တိအရှိဆုံးဖြစ်ချင်ရင် တယောက်တည်းပဲရပ်တည်ပါ။
အမြန်ဆုံးခရီးရောက်ချင်ရင် တယောက်တည်းပဲသွားပါ။

If you want to be courageous person stand alone.
If you want to travel quickly go alone.

*~~~~~~~~~~~~~~~~~~*

 *လူတွေဟာ*
ကြောင်းကျိုးဆင်ခြင်ဥာဏ်မရှိကြတဲ့အပြင်
အတ္တ မာနစိတ်လည်း ကြီးမားလွန်းကြပါတယ်။
ဒါပေမယ့်...မေတ္တာထားလိုက်ပါ...။

Human beings are supercilious with pride.
But, love them.

*~~~~~~~~~~~~~~~~~~*

*မေ့ပါ*
ခွှင့်လွှတ်ပေးလိုက်တာကောင်းပါတယ်၊
မေ့လိုက်တာကတော့ အကောင်းဆုံးပေါ့။

Forgiveness is good.
Forgetting is the best.

*~~~~~~~~~~~~~~~~~~*

*အောင်မြင်မူ့ *
အောင်မြင်မူ့ ဆိုတာ စွမ်းဆောင်ရည်သက်သက်ပါပဲ၊
ဒါဟာပိုင်ဆိုင်မူ့ မဟုတ်ပါဘူး...။
ပိုင်ဆိုင်မူ့ မှန်သမျှဟာ ရရှိမူ့ သက်သက်ပါပဲ၊
ဒါဟာအောင်မြင်မူ့ မဟုတ်ပါဘူး။

Success is merely the ability: It is not the possession;
Every possession is only the reception, It is not the Success.

*~~~~~~~~~~~~~~~~~~*

*ပေးပါတွေးပါ*
ကိုယ်ကပဲပေးနိုင်ဖို့ တွေးပါ၊
သူများဆီကလက်ဖြန့် တောင်းဖို့ မတွေးပါနဲ့ ၊
ကိုယ်ကပဲကူညီဖို့ တွေးပါ၊
သူများကကူပံ့မှာကိုမစောင့်ပါနဲ့ ၊
ကိုယ်ကပဲပြုံးပြဖို့ တွေးပါ၊
သူများရယ်စရာပြောမှာကိုမမျှော်လင့်ပါနဲ့ ။

Think of giving to others.
Do not think of getting from others.
Think of helping to others.
Do not wait for help from others.
Think of smiling to others.
Do not wait for humorous talk from others.

*~~~~~~~~~~~~~~~~~~*

*မကူညီသူ*
အမြင့်တက်ဖို့ မကူညီတဲ့မိတ်ဆွေဟာ
လေးဖက်ထောက်နေတာကိုမြင်ချင်တဲ့သူဖြစ်တယ်။

The helpless friend for your climb,
is the person who wants to see you in trouble.

*~~~~~~~~~~~~~~~~~~*

*လူ့ တန်ဘိုး*
လူတယောက်ရဲ့တန်ဘိုးကိုသိချင်ရင်
သူဘယ်လောက် ပရဟိတလုပ်နိုင်ခဲ့သလဲ ဆိုတာနဲ့ တိုင်းတာတွက်ချက်ကြည့်ပါ။

If you want to know the value of a man,
you measured that how much he is doing for others.

*~~~~~~~~~~~~~~~~~~*

*အချိန်ပို*
သင်အသက် ၅၀ အရွယ်မှာဘာဖြစ်နေမယ်ဆိုတာသိချင်ရင်
ဗေဒင်မကြည့်ပါနဲ့ ...
အချိန်ပိုကို ဘယ်လိုသုံးသလဲ ဆိုတာကိုပဲကြည့်ပါ။

If you want to know your life of fifty years,
you have no need to go to astrologers,
look for yourself how to spent your extra time.

*~~~~~~~~~~~~~~~~~~*

*အမှိုက်*
နေရာလွဲနေရင်
အသုံးမ၀င်တော့ရင်
အမှိုက်ဖြစ်သွားတတ်တယ်၊
သင့်နေရာရောမှန်ရဲ့လား?  အသုံးရောဝင်ရဲ့လား?

If the place is not correct,
If the place is useless, It becomes rubbish.
Is your place correct?  Is your place useful?

*~~~~~~~~~~~~~~~~~~*

No comments:

Post a Comment