သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, September 20, 2012

ငါရေးတဲ့ကဗျာ

ငါရေးတဲ့ကဗျာ
စာမူမှာ ပါချင်ပါ မပါချင်နေ
ရွေးချယ်သူကဏ္ဍပေါ့
ငါရေးတဲ့ကဗျာ
ကောင်းချင်ကောင်းမရ် ဆိုးချင်ဆိုးမရ်
ဘ၀ဆိုတာ အတွန်းအတိုက်တွေနဲ့ပေါ့
ငါရေးတဲ့ကဗျာ
ကမ္ဘာကမသိချင်နေပါစေ
ဦးနှောက်နဲ့ရင်း
နှလုံးသားရဲ့ရုပ်ကြွင်းတွေမို့
ကဗျာသာလျှင် ငါ့အတွက်အဖော်
တကယ်ဆိုရင်
ဘ၀က ကဗျာမဆန်စေဦးတော့
ငါ့အတွေး ငါ့အရေး ငါ့မနက်ဖြန်တွေဟာ
ကဗျာဆန်ဆန်လှမရ်ဆိုရင်
ငါ သေပျှော်ပါပြီချစ်သူ

ရင်ထဲကလာခြင်းသာ
ကဗျာဆိုရင်
ကိုယ် မင်းကိုချစ်တရ်
တကယ်ပါ

No comments:

Post a Comment