သတိုးဟန်မှ နွေးထွေးစွာကြိုဆိုပါတရ် ရောက်လာသူမိတ်ဆွေအပေါင်း ပျော်ရွှင်ချမ်းမြေ့ပါစေ
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 30, 2012

ပုံရိပ်စစ် (သားချစ်သောမေမေ)

ဒဏ်ရာများနဲ့ပဲ့ကြွေခဲ့တဲ့
နှလုံးသားတစ်ခုရဲ့ အပိုင်းအစများကို
တစ်စစီပြန်ကောက်သိမ်းရင်း
ခပ်ဝါးဝါးပုံရိပ်တွေထဲက ရုန်းထွက်
ယုံကြည်ချက်တွေကို အလံလွှင့်
ကိုယ်ကျင့်တရားဆိုတဲ့ ခံတပ်ကြီးနဲ့
မေတ္တာလက်နက်ကို ကိုင်ဆောင်
မြန်မာပြည်ကြီးလှပစေရမရ်
စစ်မက်တွေ ငြိမ်းချမ်းစေရမရ်...တဲ့
နိစ္စဓူဝကြိုးစားနေပါသော
သမိုင်းစာမျက်နှာသစ်တွေကြားက
သားတို့ရဲ့ ချစ်သောမေမေ
ဘေးဘယာတွေ ဝေးကွာပါစေကြောင်း
သားသတိုး ဆုတောင်းရင်း
မှောင်မိုက်ခြင်းတို့ ကြီးစိုးတဲ့ သန်းခေါင်ယံအလယ်မှာ
မေမေရဲ့ ကြယ်လေး လင်းလက်ပါစေ..၊
အတွေးကန်း အမြင်ကန်းတွေကြီးစိုးတဲ့လောကကြီးမှာ
မေမေရဲ့ ရည်မှန်းချက် အနာဂတ်ခရီး
လှပ ဖြောင့်ဖြူး သာယာပါစေ
သားချစ်သောမေမေ
ထာဝရရွှင်လန်းချမ်းမြေ့ပါစေ
ဒီကဗျာလေးကို ပြန်လည်ခံစားတင်ပြထားတာပါ
အနော်ရေးထားတာကြာပြီဗျာ
ခုမှ ပြန်တင်လိုက်တာပါ

No comments:

Post a Comment